မိုးရွာတဲ့နေ့

ငယ်ငယ်တုန်းက မိုးတွေရွာရင် သိပ်ပျော် တာပေါ့။မိုးရေထဲမှာ ဆော့ရတာ ကလေးတစ်ယောက်ရဲ့ လွတ်လပ်တဲ့ဘ၀ပဲမဟုတ်လား။ မိုးရွာတဲ့နေ့တွေက အလုပ်လုပ်ရတာတွေအဆင်မပြေပေမယ့် ကလေးငယ်တစ်ယောက်အနေနဲ့တော့ အိမ်ရှေ့က ရေမြောင်းထဲမှာ ကိုယ်တိုင်လုပ်ထားတဲ့စက္ကူလှေ ကလေးကို ခရီးနှင်စေရတာလောက် အဆင်ပြေတာမရှိဘူးလေ။ မိုးရွာတဲ့နေ့ရက်တွေမှာ ပူပူစပ်စပ် ချဉ်စပ်ခေါက်ဆွဲပြုတ်နဲ့အတူ စာတန်းထိုးရုပ်ရှင်တစ်ကား တို့ပေါင်းစပ်လိုက်ရင် ဘယ်လောက်သာယာလိုက်လေသလဲ။ မောင်နှမတွေ လုံးလုံးထွေးထွေးနဲ့ အိပ်ယာပေါ်အတူဆော့ခဲ့ကြတာလည်း မှတ်မှတ်ရရပေါ့။ အပူအပင်ကင်းတဲ့ကလေးဘ၀လေးက မိုးရွာတဲ့နေဆိုလည်း ပျော်ဖို့ကောင်းခဲ့တယ်လေ။ အခုတော့ မိုး‌တွေရွာရင် သောက်နေကျ ကော်ဖီခါးခါးတစ်ခွက်နဲ့ ပြတင်းပေါက်လေးမှာထိုင်ရင်း gravity အရကျဆင်းနေတဲ့ မိုးရေစက်၊ မိုးရေပေါက်တို့ကို ကြည့်ရင်း ဘယ်တော့မှ မရှိခဲ့တဲ့ မင်းကိုလွမ်းနေတော့တာပါပဲ။ ကလေးဘ၀လို ပျော်ဖို့မကောင်းပေမယ့် ဆွေးဆွေးလေး နဲ့ပေါ့။ “ မိုးရေစက်တွေကြောင့် ဖြစ်လာတဲ့ မြေသင်းရနံ့ နဲ့အတူ မင်းကိုလွမ်းခွင့်ပေးတဲ့ မိုးရွာတဲ့ အသံလေးကို မင်းနဲ့ထပ်တူContinue reading “မိုးရွာတဲ့နေ့”

Design a site like this with WordPress.com
Get started