Alex ရဲ့ စိတ်၀င်စားစရာ Indoor plant

Hello everyone 🥰 Welcome back from ALEX’s Blog

ဒီနေ့တော့ ပျင်းနေတာနဲ့ အိမ်ကပန်းခြံလေးကို ရှင်းရင်း စိုက်ဖြစ်ခဲ့တဲ့အပင်လေးတစ်ပင်အကြောင်းပြောပြချင်ပါတယ်။ 🌱

“လေထုတွေညစ်ညမ်းလာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ အဆုတ်(lungs)က လေကောင်း လေသန့်ရှုရှိုက်ရဖို့အတွက် ပိုအလုပ်လုပ်ရပါတယ်။ မိမိရဲ့နေအိမ်ထဲမှာ လေသန့်စင်ပေးတဲ့ Indoor plant အနေနဲ့ ဒီနေ့ ရှင်သီ၀လိဂမုန်း ကို စိုက်ဖြစ်ခဲ့ပါတယ် “

မြန်မာလိုအခေါ်ဆိုရင်တော့ ရှင်သီ၀လိဂမုန်း လို့ခေါ်ပါတယ်။ သူ့ကို ဂမုန်းပင်လို့ ခေါ်ပေမယ့် တကယ်တော့ သူက ပိန်းပန်း နှင့်ဆင်တူပါတယ်။ တကယ်လည်း ပိန်းပန်းမျိုးနွယ်၀င် ဖြစ်ပါတယ်။

ဒီဂမုန်းပင်ရဲ့ မူလရင်းမြစ်ဇာတိကတော့ ဟာဝိုင်ယီဒေသမှ တောင်တန်းမဖြစ်တဲ့ ( Mountains of Mauna Loa ) နေရာဒေသပဲ ဖြစ်ပါတယ် …

ဒါကြောင့် ရှင်သီဝလိဂမုန်းပင် ကို ( Mauna Loa ) လို့လည်း လူသိများခေါ်ဆိုကြတာ ဖြစ်ပါတယ်ခင်ဗျာ ။

– ရှင်သီဝလိဂမုန်းပင်ရဲ့ ရုက္ခဗေဒအမည်ကတော့ ( Spathiphyllum Wallisii ) ဖြစ်ပြီး ၊  နောက်ထပ် အခြား အမည်များဖြစ်တဲ့ ( Peace Lily ) , ( Closet Lily ) လို့လည်း ခေါ်ကြပါသေးတယ် ခင်ဗျာ 🌱 ဒီအပင်လေးကိုဆိုရင် လူတော်တော်များများက အယူအဆအမျိုးမျိုး နဲ့စိုက်ပျိုးတတ်ကြပါသေးတယ်။

ဒီအပင်လေးဟာဆိုရင် အိမ်မှာပဲ စိုက်စိုက် ရုံးခန်းမှာပဲစိုက်စိုက် မိမိတို့ရဲ့ နေရာထိုင်ခင်းလေးကို လင်းထင်းသွားစေသလို အခန်းတွင်းလေထုကိုလည်းသန့်ရှင်းစေနိုင်တဲ့ အတွက် House plant (Indoor plant) အနေနဲ့စိုက်ပျိုးဖို့ သင့်တော်ပါတယ်။

ရှင်သီ၀လိဂမုန်း ပင်ဟာဆိုရင် ရေဓာတ်လည်းအများကြီးမလိုအပ်ပါဘူး။ ရေအရမ်းများလွန်းသွားရင် အမြစ်က ပုပ်သွားတတ်ပါတယ်။ အစိုဓာတ်လေးရနေရင်ကို ဒီအပင်လေးက ရှင်သန်နိုင်ပါတယ်။ ဒီအပင်က အပူကြောက်ပါတယ်။ အဲ့ဒီအတွင် အိမ်တွင်း အလင်းရောင်ရတဲ့နေရာမှာ စိုက်ပျိုးရုံနဲ့ ကောင်းကောင်း ရှင်သန်နိုင်ပါတယ်။

အလင်းရောင် ရရင် အပွင့်တွေလည်းကောင်းမွန်စွာ ပွင့်နိုင်ပါတယ်။ မြေဩဇာတွေအလွန်အမင်းကျွေးတာ၊ ရေများများလောင်းမိတာ စတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။

ရှင်သီ၀လိ ဂမုန်းပင် နှင့် လေထုညစ်ညမ်းမှု (Peace Lily and Air pollution)

ရှင်သီ၀လိဂမုန်း ပင်ဟာဆိုရင် Benzene , Trichloroethylene စတဲ့ မကောင်းတဲ့ ဓာတုပစ္စည်း နှစ်မျိုးကို စုပ်ယူစွန့်ထုတ်ပစ်နိုင်လို့ Indoor plant အနေနဲ့စိုက်ရင် များစွာအကျိုးရှိပါတယ်။

အားလုံးပဲ COVID-19 ကြောင့် အိမ်မှာနေရင်း မိမိရဲ့ အိမ်ကို Indoor plant လေးနဲ့အလှဆင်နိုင်ကြပါတယ်

©A L E X’s Blog

သွားနှင့်ခံတွင်းကျန်းမာရေး

ဒီတစ်ခါတော့ Ministry of Health and Sports ကရည်ညွှန်းရေးသားထားတဲ့ Standardized Health Message လက်စွဲထဲက “သွားနှင့်ခံတွင်းကျန်းမာရေး” အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Resources: MOHS

#သွားနှင့်ခံတွင်းသိ‌ကောင်းစရာများ

#OralHeath
#YelKyawThu #ALEXs

မိုးရွာတဲ့နေ့

ငယ်ငယ်တုန်းက မိုးတွေရွာရင် သိပ်ပျော် တာပေါ့။မိုးရေထဲမှာ ဆော့ရတာ ကလေးတစ်ယောက်ရဲ့ လွတ်လပ်တဲ့ဘ၀ပဲမဟုတ်လား။

မိုးရွာတဲ့နေ့တွေက အလုပ်လုပ်ရတာတွေအဆင်မပြေပေမယ့် ကလေးငယ်တစ်ယောက်အနေနဲ့တော့ အိမ်ရှေ့က ရေမြောင်းထဲမှာ ကိုယ်တိုင်လုပ်ထားတဲ့စက္ကူလှေ ကလေးကို ခရီးနှင်စေရတာလောက် အဆင်ပြေတာမရှိဘူးလေ။

မိုးရွာတဲ့နေ့ရက်တွေမှာ ပူပူစပ်စပ် ချဉ်စပ်ခေါက်ဆွဲပြုတ်နဲ့အတူ စာတန်းထိုးရုပ်ရှင်တစ်ကား တို့ပေါင်းစပ်လိုက်ရင် ဘယ်လောက်သာယာလိုက်လေသလဲ။

မောင်နှမတွေ လုံးလုံးထွေးထွေးနဲ့ အိပ်ယာပေါ်အတူဆော့ခဲ့ကြတာလည်း မှတ်မှတ်ရရပေါ့။ အပူအပင်ကင်းတဲ့ကလေးဘ၀လေးက မိုးရွာတဲ့နေဆိုလည်း ပျော်ဖို့ကောင်းခဲ့တယ်လေ။

အခုတော့ မိုး‌တွေရွာရင် သောက်နေကျ ကော်ဖီခါးခါးတစ်ခွက်နဲ့ ပြတင်းပေါက်လေးမှာထိုင်ရင်း gravity အရကျဆင်းနေတဲ့ မိုးရေစက်၊ မိုးရေပေါက်တို့ကို ကြည့်ရင်း ဘယ်တော့မှ မရှိခဲ့တဲ့ မင်းကိုလွမ်းနေတော့တာပါပဲ။
ကလေးဘ၀လို ပျော်ဖို့မကောင်းပေမယ့် ဆွေးဆွေးလေး နဲ့ပေါ့။

မိုးရေစက်တွေကြောင့် ဖြစ်လာတဲ့
မြေသင်းရနံ့ နဲ့အတူ
မင်းကိုလွမ်းခွင့်ပေးတဲ့
မိုးရွာတဲ့ အသံလေးကို
မင်းနဲ့ထပ်တူ ချစ်ပါတယ်”

တစ်ရက်တော့ မိုးရွာနေတဲ့အသံထဲမှာ ငြိမ်းချမ်းမှုအစစ်ကို ရှာနေမိအုံးမှာပဲ။

မိုးရာသီကိုမချစ်ပေမယ့် မင်းကိုလွမ်းစေတတ်တဲ့
“မိုး” ကိုတော့ မင်းနဲ့ထပ်တူချစ်ပါတယ်။

ချစ်ရတဲ့ အဲလက်စ်

Design a site like this with WordPress.com
Get started